မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 28 August 2013

သူခေါ်တော့လဲ

အနှစ်မပါ ဗလာသုံး ၊
အကာဖြုန်း စင်စင်
မသာတုံး ပြင်ပြင်၊
ထင်မြင်ဖွယ် မှန်စွ
 
အနတ္တ ဤရုပ်ကောင်ငယ် ၊
ညှီပုပ်ဟောင် ဆိုးညစ်တန်လှ
ခြောက်ဝတ္ထု အသားစိုင်မှာ
အများပိုင် ကြံကြ၊
နာမ်ဝိဥာဉ် ဆိုမျှက ၊
အို ဇရာ့  ဖြစ်ပုံ၊
ထောင့်ငါးရာ ညစ်အကြေးတွေက ၊
ရစ်အမြှေး လွှမ်းလို့အုပ်ခြုံ
 
စိုးမရတရားစုံကို ၊ 
ဇယားပုံ  တင်ဖွဲ့လို့
မြင်တဲ့အောင် မတွယ်တာသင့်ပါ
ရှင်သေမင်းက အတင်းလာလျှင်
မငြင်းသာ
 ပါရချေလိမ့်လေး . . .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ