မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 28 August 2013

တဏှာဖြတ် တေးထပ်

လူ့လောကာ ဘုံဘ၀မှာ၊ ကြုံရတဲ့ ဖြစ်အင်၊
ယုံမှတ်လို့ ချစ်ခင်လျင်၊ အရူးပင် ဖြစ်စမ်း၊
ပုံအပ်လို့ နှင်းလိုက်ပါသော်၊
သင်းမိုက်တာနော် တကယ့်လူ့ဖြစ်-နှမ်း၊
သူတို့ဘ၀ အဖြည့်ခံ၊ မွေ့စံမယ် မျှော်မှန်း၊
အတွေးအကြံနှယ် အတော်ကန်းတာပ၊
မပေါ်တမ်း နစ်တော့မည်၊
ယုတ်တဏှာ ဖက်ကာဆုပ်တော့၊
မြုတ်တာပဲ အဖတ်တင်မည်၊
ကိုယ့်ကိုယ်ကို မဖျက်စမ်းပါနဲ့ ၊
တစ်သက်လမ်း ဖြောင့်ဖို့သာရည်၊
မရှက်တမ်း လျောက်ပလီလျှင် ၊
နောက်အတည် ရင်ကွဲပါလိမ့်၊
ရှေ့ရေးသို့ တွေးကာမျှော်၊
နောင်အနာဂါတ်မှာ နော်၊
တဏှာမှ လွတ်မြောက်စေရာ၊
လမ်းတော်သာ…
ရှာတွေ့ ပါလိမ့် လေး။
မောင်အောင် ( မဟာဝိဇ္ဇာ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ