ကိုယ့်လောက်မက ထက်ကြ
ကိုယ့်လောက်မတော်ပေမယ့်
ကိုယ်လောက်မက ကျော်ကြ
ကိုယ်လောက်မက ကျော်ကြ
ကိုယ့်လောက်မကျွမ်းပေမယ့်
ကိုယ့်ထက်မက စွမ်းကြ.
ကိုယ့်ထက်မက စွမ်းကြ.
ကိုယ့်လောက်မဦးပေမယ့်
ကိုယ့်ထက်မက ထူးကြ
ကိုယ့်ထက်မက ထူးကြ
ကိုယ့်လောက်မမှန်ပေမယ့်
ကိုယ့်ထက်မက ဟန်ကြ
ကိုယ့်ထက်မက ဟန်ကြ
ကိုယ့်လောက်မလုပ်ပေမယ့်
ကိုယ့်ထက်မက ဟုတ်ကြ
ကိုယ့်ထက်မက ဟုတ်ကြ
ကိုယ့်လောက်မပန်းပေမယ့်
ကိုယ့်ထက်မက လန်းကြ
ကိုယ့်ထက်မက လန်းကြ
လောကရဲ့သဘာဝ
မတူညီကြတာအမှန်
ကံဆိုတာအလုပ်ဖြစ်လို့
ကိုယ်လုပ်ဖြစ်သလောက် ကိုယ်ရ
မတူညီကြတာအမှန်
ကံဆိုတာအလုပ်ဖြစ်လို့
ကိုယ်လုပ်ဖြစ်သလောက် ကိုယ်ရ
ကိုယ်သွားမှ ကိုယ်ရောက်
ကိုယ်ကောက်သလောက် အမှန်ရ
ကိုယ်ကောက်သလောက် အမှန်ရ
ဓမ္မဒိဌာန်ကျကျ ကြည့်ရင်
မနာလိုခြင်စရာ မရှိ
မနာလိုခြင်စရာ မရှိ
ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း
အားဖြည့်တင်း ခရီးဆက်
အနာဂတ်လှအောင် တည်ဆောက်မယ်။
ဘုန်းရွှေစင်
(၂၄-၁၂-၂၀၁၂ )
အားဖြည့်တင်း ခရီးဆက်
အနာဂတ်လှအောင် တည်ဆောက်မယ်။
ဘုန်းရွှေစင်
(၂၄-၁၂-၂၀၁၂ )
No comments:
Post a Comment