မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 28 August 2013

ဇရာဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

ရွတ်တွယွင်းယို ခွေယိုင်နဲ့လို့၊
တွေမှိုင်သနဲ့ လက်ခြေတုန်၊
နေထိုင်မရတဲ့ ရက်တွေကုန်ပြီ၊
သက်မသေရုံ ကျန်ပါတော့၊

အရိုးဂေါက်ဂေါက် မှိန့်တမှိန်ငယ်၊
ပိန့်တလိန်လိန် အိုမင်းချေပေါ့နော၊
ရှုံ့တီးရှုံ့တွ သားအရေငယ်၊
သွားကြွေ အားတွေ မသန်ပျော့၊
စားလေ ၀ါးလေ အန်တအော့နှင့်၊
တန်ပေါ့ မာန်လျှော့ ဇရာကောင်၊

တောင်ဝှေးလက်ကိုင် အဖော်နဲ့မို့၊
ကချော်ကချဲ့ ယောင်တီးယောင်တောင်တောင်၊
န-တီး၊ န-တ ပိန်ချောင်ချောင်ငယ်၊
မှိန်တစ်မှောင်မှောင် အမြင်မှေးလို့၊
ဘ၀င်တွေက ခုန်ဆွခုန်ဆွနေ၊ ကြုံရကြုံရလေ၊

ရင်အုံချိုင့်လို့ ခါးကိုင်းချေပြီ၊
နားထိုင်းဝေတေ ယောင်မှေးမှိုင်လို့ငေး၊
ဆံဖြူကြီးနှင့် သုံးမ၀င်တယ်၊
မုန်းချင်စဖွယ် လွန်ကောင်းပါလှလေး။  ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ