မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 4 July 2013

ဘ၀ဆိုတာ ကိန်းသေမဟုတ်(Life is not constant)

ဘ၀ဆိုတာ ကိန်းသေမဟုတ်(Life is not constant)
**********************************

ယနေ့ ငါသည် ချမ်းသာကြွယ်ဝနေသည်။
မနက်ဖြန်ငါသည် ဆင်းရဲချင်ဆင်းရဲနိုင်သည်။
ယနေ့ ငါသည် ဆင်းရဲမွဲတေခြွတ်ခြုံကျနေ၏။
မနက်ဖြန်ငါသည် ချမ်းသာချင်ချမ်းသာနိုင်၏။
လောကဓံသမုဒ္ဒရာရဲ့  လှိုင်းလုံးနှင့် ကျောက်ဆောင်တွေကြားထဲမှာ
မလှုပ်မယှက် မတုန်မလှုပ်ဘဲ ငြိမ်သက်နေတဲ့ လှေသင်္ဘောရယ်လို့ မရှိပါဘူး။



ဖြစ်ပေါ်လာတဲ့ လောကဓံလှိုင်းကြမ်းကြီးငယ်တွေရဲ့  သက်ရောက်မှုဒဏ်ကို ခံကြရစမြဲပါဘဲ။
လှိုင်းကယက်ရိုက်ခတ်မှုတွေနဲ့  ကြုံကြုက်လာသော် ကြံ့ ကြံ့ ခံရင်ဆိုင်တတ်ရပေမည်။
ကျောက်ဆောင်တွေနဲ့ လည်းမတိုက်မိအောင် ရှောင်ရှားသွားလာပြီး အတိမ်းအစောင်းမခံ ကိုယ်လမ်းကိုသွားကြရပေမည်။
လှိုင်းဒဏ်ကိုမခံနိုင်တဲ့ သင်္ဘောတွေဟာတိမ်းမှောက်နစ်မြှပ်ပြီး သမုဒ္ဒရာကြမ်းပြင်အောက်မှာဘဲ အိပ်စက်သွားရတတ်တယ်။


အန္တရာယ်ကျောက်ဆောင်တွေကို တိုက်မိတဲ့သင်္ဘောတွေဟာ ပေါက်ပြဲပျက်ဆီးပြီး တဖြေးဖြေးနစ်မြှပ်သွားရတတ်တယ်။
လှိုင်းတံပိုးတွေရဲ့  ရိုက်ခတ်မှုဒဏ်ကို မခံနိုင်တဲ့ သင်္ဘောတွေဟာလည်း ကျောက်ဆောင်တွေကို မရှောင်နိုင်တော့ဘဲတိုက်မိမှာ သေချာသလောက်ရှိနေပြီ။
တက်လိုက်ကျလိုက် နိမ့်လိုက်မြင့်လိုက် ဆူကြုံနိမ့်မြင့် ဘ၀ပင်လယ်သမုဒ္ဒရာဆိုတာ စကြာဝဠာကြီးလို ကိန်းသေမဟုတ်ပါဘူး။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ