မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 4 July 2013

သင်မသိသေးသော ကမ္ဘာတစ်လွှားက အံ့အားသင့်ဖွယ်ရာ အချက် (၁ဝ) ချက်

သင်မသိသေးသော ကမ္ဘာတစ်လွှားက အံ့အားသင့်ဖွယ်ရာ အချက် (၁ဝ) ချက်

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ထူးခြား အံ့သြစရာတွေ ပြည့်နှက် နေတယ်ဆိုတာ အားလုံး သိကြပါ တယ်။ အဲဒီ အထဲကမှ စာဖတ်သူ အများစု သိပ် မသိသေးတဲ့ အကြောင်းအရာ (၁ဝ) ခုကို ရွေးထုတ် တင်ပြ လိုက်ပါ တယ်။

(၁) သားပိုက်ကောင်ဟာ လူထက် ဆယ်ဆပိုပြီး ခုန်နိုင်ပါတယ်။ ဒါပေမဲ့ သားပိုက်ကောင်ဟာ နောက်ပြန် မခုန် နိုင်ပါဘူး။

(၂) တံဆိပ်ခေါင်းကို လျှာနဲ့လျက်ပြီး စာအိတ်မှာ မကပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ တံဆိပ်ခေါင်း တစ်ခုကို သင်လျက်လိုက်လျှင် ကယ်လိုရီ ၁ဝဝ စားမိတာနဲ့ အတူတူပါပဲ။

(၃) ဘူတန်နိုင်ငံရဲ့ ဥပဒေတွေ အရ နိုင်ငံသားတိုင်းဟာ ဘူတန်ရဲ့ နှစ်သစ်ကူးနေ့မှာ အသက်တစ်နှစ် ပိုကြီး သွားရတယ်လို့ ဆိုပါတယ်။



(၄) မိုဘိုင်းလ်ဖုန်း တစ်လုံးကို အသုံးပြုနေချိန် တိုင်းမှာ ပျားကောင်တွေကို သေစေနိုင်ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ မိုဘိုင်းလ်ဖုန်းက ထွက်တဲ့ လှိုင်းတွေဟာ ပျားတွေရဲ့ အိမ်အပြန်လမ်း ကို မေ့လျော့ စေနိုင်ပြီး သူတို့ကို သေစေနိုင်လို့ ပါပဲ။

(၅) ကမ္ဘာမြေရဲ့ ပထမဆုံး လူမျိုးစု အကကို အိန္ဒိယနိုင်ငံ မဏိပူရမှာ တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အကကို မဏိပူရ ရိုးရာလူမျိုးစု အကလို့ ခေါ်ပြီး CHOU အကလို့လည်း ခေါ်ပါတယ်။

(၆) ခြင်တွေဟာ လူနှင့် တိရစ္ဆာန်များ၏ သွေးကို စုပ်ယူ ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အနီရောင်ကို မနှစ် သက်ကြဘဲ နှစ်သက်ဆုံး အရောင်ကတော့ အပြာရောင်လို့ ဆိုပါတယ်။ သူတို့ဟာ အပြာရောင်ကို နှစ်သက် လို့ အဲဒီအရောင် ဝတ်ထားတဲ့ လူဆီကို ပိုမို သွားရောက် ကြတယ်လို့ ဆိုလိုတာပါ။

(၇) ခရမ်းချဉ်သီးဟာ ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး သစ်သီးဝလံ တစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာမြေမှာ ခရမ်းချဉ်သီး အမျိုးပေါင်း ခန့်မှန်းခြေ ၂ဝဝဝဝ လောက်ရှိတယ်ဆိုတာ သင် သိပါသလား။

(၈) ယောက်ျားလေး သို့မဟုတ် မိန်းကလေး တစ်ဦးဟာ မွေးရာပါ နားမကြား သို့မဟုတ် ဆွံ့အ ဖြစ်နေ တတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သာမန်လူ တစ်ဦးထက် သတ္တမအာရုံ ပိုမို ရရှိဖို့ နီးစပ်လွယ်ကူ နေပါတယ်။

(၉) ကျွန်တော်တို့ဟာ သန်စွမ်းတဲ့ အပင်ကြီး တစ်ပင် အနီးမှာ တွင်းတူးပြီး (မိလ္လာတွင်းတူးပြီး) အညစ် အကြေး စွန့်ခဲ့ရင် အဲဒီ အညစ်အကြေးတွေကို တီကောင်တွေက မြေသြဇာ အဖြစ် ပြောင်းလဲ ပစ်တာ ကြောင့် ဒီအပင်ဟာ ပိုမို လျင်မြန်စွာ ကြီးထွား နိုင်ပါတယ်။

(၁ဝ) စက္ကူကို တရုတ်လူမျိုး တစ်ဦးဖြစ်တဲ့ လျူချီယန်းက ဒီဇိုင်းတစ်ခု ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ စတင် တီထွင် ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစက္ကူကို Papyrus လို့ ခေါ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ