တစ်ခါတုန်းက
သိပ်ချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲတစ်တွဲရှိတယ် ။ သူတို့
နှစ်ယောက်စလုံး မနက်ဆိုရင် “ Good Morning My Honey ” လို့
မက်ဆေ့တွေအပြန်အလှန်ပို့ကြသလို တစ်ဦးကိုတစ်ဦးသိပ်ချစ်လို့ ညရောက်တဲ့အခါဆိုလည်း ကိုယ်စီအိပ်ရာထဲကနေ “ Good Night My dear ...Have a sweet dream ” ဆိုပြီး အပြန်အလှန်မက်ဆေ့ပို့ပြီးမှ အိပ်လေ့ရှိကြတယ် ။
အခက်အခဲတွေကိုယ်စီရှိကြပေမယ့် ၀မ်းသာစရာဆို အတူဝမ်းသာလို့ ၀မ်းနည်းစရာဆို
ဝေမျှခံစားတတ်ကြတယ် ။ ဒီလိုနဲ့ သူတို့ချစ်လာခဲ့တာ ၁ နှစ်
တိတိပြည့်တဲ့တစ်ရက်ကို ရောက်လာခဲ့တယ် ။ အဲဒီတစ်ရက်က
ကောင်းကင်တစ်ခုလုံးမဲမှောင်လို့ မိုးဟာ သည်းသည်းမည်းမည်းရွာနေခဲ့တယ် ။ ဒါပေမယ့် သိပ်ချစ်ကြတဲ့ သူတို့ ၂ယောက်ဟာ ချိန်းထားပြီဆိုရင်ဘယ်တော့မှ မပျက်ကွက်ပဲ ကတိတည်ခဲ့ကြတဲ့အတိုင်း အဲဒီတစ်ရက်မှာလည်း သူတို့ အိမ်တွေကနေ အသီးသီးထွက်လာခဲ့ကြတယ် ။
မနက် ၁၀ နာရီ ထိုးဖို့ နာရီဝက်အလို 9;30 AM
သူ့စိတ်ဟာ ချစ်သူကိုတွေ့ရဖို့အတွက်နဲ့ ကြည်လင်ရွှင်ပျနေတယ် ။ ဒီနေ့ သူ့ကောင်မလေးအတွက် သူတစ်နှစ်အတွင်းစုထားတဲ့လက်စွပ်လေးကို Suprise အဖြစ်ပေးဖို့လည်းသူရည်ရွယ်ထားတယ်
။ ကားတွေကလည်း ဒီနေ့မှ ကျပ်လိုက်တာ သူ့ချစ်သူလေးလည်း ကားစီးရတာ
အဆင်မှပြေပါ့မလား ။ အင်း နောက်ပိုင်းအတူ လက်ထပ်ပြီးသွားရင်တော့
ကားတစ်စီးဝယ်နိုင်အောင်ကြိုးစားရမယ် ။ ပြီးတော့ ချစ်သူကို ဘေးမှာ တင်ပြီး သူတို့ ကမ္ဘာအနှံ့လျှောက်လည်ကြမယ် ။ သူ့အတွေးသူ သဘောကျရင်းကောင်လေးတစ်ချက်ပြုံးလိုက်တယ် ။ပြီးတော့ သူ့လက်ထဲက လက်စွပ်ဘူးလေးကို တယုတယကိုင်လို့ ကားဂိတ်မှာရပ်စောင့်နေတယ် ။
9: 40 AM - အင်းဒီလိုဆိုမဖြစ်သေးဘူး တော်ကြားအရမ်းနောက်ကျနေရင် ချစ်သူ (
စိတ်မကောက်တတ်ပေမယ့် ) အားငယ်နေရှာမယ် ။ ဒီလိုနဲ့ကောင်လေး
တက်စီတစ်စီးငှားလိုက်တယ် ။ ပြီးတော့ ဈေးမဆစ်တော့ပဲ ချစ်သူဆီသွားလိုဇောနဲ့
မောင်းရမယ့်နေရာကိုပြောလိုက်တယ်
။ ရုတ်တရက်ရလိုက်တဲ့ အနံ့တစ်ခုကြောင့် သူပျို့အန်ချင်သလို ဖြစ်သွားတယ် ။
ဟင် ကားမောင်းတဲ့သူ မနက်စောစောစီးစီး အရက်တွေသောက်ထားပါလား ။ သူ
တစ်ချက်တော့စိုးရိမ်သွားတယ် ။ ဒါပေမယ့် အခုအချိန်ကားကိုရပ်ပြီး တခြားတက်စီငှားစီးရင်လည်းခရီးက နှောင့်နှေးဦးမယ် ။ ဘာမှမဖြစ်တန်ကောင်းပါဘူးလေ ။ သူ့ကိုယ်သူဖြေသိမ့်ရင်း ကောင်လေးသူ့ချစ်သူအကြောင်းပဲတွေးနေလိုက်တယ် ။ ဒီလိုနဲ့ ----
9: 55 AM - ချိန်းထားတဲ့နေရာကိုရောက်တော့မယ် ။ တစ်နေ့မပျက်တွေ့ဖြစ်ခဲ့ကြပေမယ့် မနက်ခင်းတိုင်းတွေ့ရမယ့်အချိန်ဆို
သူ့ ရင်တွေခုန်နေတုန်းပဲ ။ မိုးကလည်း ဒီနေ့မှ သည်းနေလိုက်တာ ရှေ့မှာ
သည်းသည်းကွဲကွဲ ဘာကိုမှ မမြင်ရဘူး ။ ကားကလည်း ရောက်ခါနီးမှ
ပိုပိုပြီးလမ်းတွေကြပ်လာသလိုပဲ ။ ကားမောင်းတဲ့သူဆီက ဆဲရေးတိုင်းထွာသံတချို့ကိုသူကြားလိုက်ရတယ်
။ သူ့ချစ်သူလေး နှုတ်ခမ်းများစူနေပြီလား ဒါမှမဟုတ် မိုးရေထဲ သူ့ကိုများ
စိတ်ပူနေမလား တွေးရင်း သူ အမြန် ရောက်ချင်စိတ်တွေများလာတယ် ။ “
နည်းနည်းမြန်မြန်လေးမောင်းပေးပါ
ဦးလေး ” ကားမောင်းတဲ့သူကို သူပြောလိုက်တယ် ။ ကားမောင်းတဲ့ သူက
ခေါင်းတစ်ချက်ညှိတ်ရင်း သူ့ရှေ့မှာ ပိတ်နေတဲ့ကားကို
ကျော်တက်ဖို့အရှိန်မြှင့်ပြီးဆွဲချလိုက်တယ်
။ ရုတ်တရက် သူ့မျက်စိရှေ့ဝင်လာတဲ့ မီးရောင်စူးစူးကြောင့် သူ
ပြာကနဲဖြစ်သွားတယ် ။ နောက်မှ သူသိလိုက်ရတာက ရှေ့မှာ ကုန်တင်ကားတစ်စီး ။
သတိရရခြင်း သူအော်လိုက်တယ် ။ “ ရှေ.ရှေ့မှာကားကား ကွေ့ကွေ့ ဦးလေး ”
သူ့စကားသံတွေက ကျယ်လောင်တဲ့ ဆူညံသံတွေကြားမှာ နစ်မြှုပ်သွားခဲ့ရတယ် ။ “
ဝုန်း ”ကနဲ အသံတစ်ချက်နဲ့အတူ သူ ဘာကိုမှ မသိတော့ဘူး ။ ရုတ်တရက်
ကမ္ဘာလောကကြီးတစ်ခုလုံးအမှောင်ကျသွားသလို ။
---------------------------------------------------------------
ဒီနေ့ ချစ်သူအတွက် သူ အမှတ်တရလက်ဆောင်လေးပေးဖို့ရည်၇ွယ်ထားတယ် ။ အဲဒါကတော့ သိပ်လှတဲ့ ဟော်လိုဂစ်တာလေးတစ်လုံးပေါ့
။ မိုးကလည်း ဒီနေ့မှ သည်းနေလိုက်တာ ။ ချိန်းထားတဲ့နေရာက မိုးသိပ်မလုံတော့
တခါတခါ မိုးရေစက်တွေက မျက်နှာကို လာလာ ရိုက်ခတ်နေတယ် ။ အင်း သူလည်း
အခုချိန်ဆို ရင်ထွက်လာနေလောက်ပြီ ။ တွေးရင်းကောင်မလေးရင်ထဲ
သိမ့်ကနဲတစ်ချက်ခုန်သွားတယ် ။ ဒီနေ့ဟာ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့ -- သူ့ကို အနမ်းလေး တစ်ချက်ပေးမယ်လို့လည်းရည်ရွယ်ထားတယ် ။ သူ့ဘာသာသူတွေးရင်းကောင်မလေးတစ်ချက် သဘောကျသွားလို့ ခစ်ကနဲရီလိုက်တယ် ။ ပြီးမှ ပတ်ဝန်းကျင်ကို သတိထားမိပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားတယ် ။ ရင်ခုန်သံတွေဆူညံနေတာကတော့ စက္ကန့်မလပ်ပါပဲ ။
9 :40 AM - အခုချိန်ဆို သူ ကားပေါ် ရောက်နေရောပေါ့ ။ ဂစ်တာလေးကို ကိုင်ပြီး မတ်တပ်ရပ်နေတဲ့ကောင်မလေးဟာ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ ကောင်းကင်ကြီးအောက်မှာ ချစ်စဖွယ်ကောင်းနေတယ် ။ ဒီနေ့ မိုးလေးနည်းနည်းစဲသွားရင်ကောင်းမယ် ။ သူနဲ့အတူ ရုပ်ရှင်ကြည့်မယ် သီချင်းသွားဆိုမယ် သူ့လက်ကိုတွဲလို့ လမ်းတွေ လျှောက်မယ် ။ အင်း ..တစ်သက်လုံးဒီလိုအတူနေရရင်သိပ်ကောင်းမှာပဲချစ်သူလေးရယ် ။ ဒီလိုနဲ့အတွေးတွေက တောင်ရောက်မြောက်ရောက်နဲ့ ပျံ့လွင့်လို့နေတယ် ။
9 : 55 AM - သူ ရောက်လာတော့မယ် အမြဲအချိန်တိကျတတ်တဲ့ သူ့ကို
စတွေ့ကတည်းကလေးစားခဲ့ရတယ် ။ တွေ့ဆုံချိန်တိုင်းလိုလို သူ့မျက်နှာဟာ
ကြင်နာခြင်းတွေနဲ့ ငေးကြည့်နေတတ်တယ် ။ သိပ်ချစ်ရတာပဲ ချစ်သူရယ် ။ ငါ
နင်နဲ့အတူ ဒီလို လေးအမြဲနေသွားချင်လိုက်တာ --- ။ ကောင်မလေး
ကောင်းကင်ကိုငေးကြည့်ရင်း မိုးစက်တွေကြားမှာ သူတို့ ချစ်သူ နှစ်ဦးရဲ့
အနာဂါတ်ကိုပုံဖော်ကြည့်နေတယ် ။ မိုးကလည်းသည်းသထက်သည်းလာတယ် ။တ ချက်ချက် လျှပ်စီးတွေလက်ပြီးမိုးတွေခြိမ်းနေပုံက မိစ္ဆာကောင်တွေကမ္ဘာမြေပေါ် ၀င်ရောက်လာသလိုပေါ့ ။ ငါ ကြောက်လိုက်တာကွယ် နင်မြန်မြန်လာပါတော့နော် --- ။
10 : 10 AM - ချိန်းထားချိန်ထက် ဆယ်မိနစ်နောက်ကျနေခဲ့ရပြီ ။ သူ တစ်ခုခု
ဖြစ်နေပြီဆိုတာလည်း ရင်ထဲက အလိုလိုသိနေခဲ့တယ် ။ ကောင်မလေး စိတ်တွေ
ဆောက်တည်ရာမရတော့သလို စိုးရိမ်ပူပန်မှုတွေက အမြင့်ဆုံးအမှတ်အထိ တက်လာခဲ့တယ် ။
မဖြစ်သေးဘူး -- ဒီလိုရပ်စောင့်နေလို့မဖြစ်သေးဘူး ။ ဒီနေရာကနေ ကားငှားလို့လည်း မဖြစ်နိုင်ဘူး လမ်းပေါ်ထွက်ငှားမှပဲ ။ သားရေနဲ့ချုပ်ထားတဲ့ ဂစ်တာကို လွယ်ပြီးဂျင်းပန်နဲ့ကောင်မလေး ၀ုန်းဒိုင်းကျဲပြီး သည်းသည်းမည်းမည်းရွာနေတဲ့ ကားလမ်းမပေါ် ထွက်လိုက်တယ် ။ ရုတ်တရက်လမ်းချိုးကထွက်လာတဲ့ စူးရှတဲ့မီးရောင်ကြောင့် ပြာကနဲဖြစ်သွားတယ် ။ ပြီးတော့ သူမ တကိုယ်လုံး “၀ုန်း ” ကနဲ လေဟာနယ်ထဲ မြောက်တက်သွားသလိုဖြစ်နေတယ် ။ နောက်ဆုံးမြင်လိုက်ရတာက အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ ဂစ်တာ အပိုင်းအစအချို့ ။
------------------------------------------------------------------
တစ်နေ့တည်းတစ်ရက်တည်းအချိန်အပိုင်းအခြားလေးမှာ
ကံကြမ္မာက ချစ်သူနှစ်ဦးကို ရက်ရက်စက်စက်ခွဲပြသွားတယ် ။ ဘယ်လို
ဆုတောင်းတွေမှားခဲ့ကြသလဲ ကောင်လေးနဲ့ကောင်မလေးရယ် ။ မင်းတို့
ဝိဥာဉ်အချင်းချင်း ဘ၀အသစ်တွေမှာ ဆက်လက်ပေါင်းစည်းနိုင်ကြပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်ကွာ ။ မင်းတို့ နှစ်ယောက်စလုံးမသိတဲ့ အရာတစ်ခုရှိသေးတယ် ။ အဲဒါကတော့
“ ကောင်လေးစီးလာတဲ့ကားကို တိုက်ပြီး ထွက်ပြေးလာတဲ့ ကားကြီးဟာ လမ်းအချိုးမှာ ကောင်မလေးကို ၀င်တိုက်သွားတယ် ဆိုတာပါပဲ ”
အတူပေါင်းစည်းခွင့်မရခဲ့ကြပေမယ့် အကြောင်းအရာတစ်ခုတည်းနဲ့ အတူ သေခွင့်ရခဲ့ကြတယ် ။ စိတ် မကောင်းပါဘူး -- နောက်နောင် ဘ၀ ဆက်တိုင်းဆုတောင်းတွေမမှားကြပါစေနဲ့ ချစ်သောသူတိုင်း ပေါင်းစည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင် ။
No comments:
Post a Comment