တစ်ခါတုန်းက
ဆင်းရဲသားတစ်ဦးဟာ အ၀တ်အစား အနွမ်းလေးတွေဝတ်ပြီး ဂုဏ်ပြုညစာစားပွဲကို
တက်ရောက်ဖို့ နန်းတော်ကြီးဆီလာခဲ့တယ် ။ ယဉ်ကျေးမှုအရ သူ့ကို
လက်ခံထားလိုက်ပေမယ့် သူ့ရဲ့ ဟောင်းနွမ်းစုတ်ပြတ်လှတဲ့ အ၀တ်အစားကြောင့်
သူ့ကို ဂုဏ်ပြုညစာစားပွဲဟိုး အစွန်ဆုံးနေရာမှာ နေရာချထားခဲ့ကြတယ် ။
အဲဒီအချိန်မှာပဲ ညစာစားပွဲအတွက် ပန်းကန်တွေ ရောက်လာခဲ့တယ် ။ ဒါပေမယ့် သူ့
အတွက်တော့ ဘာအစားအစာမှ ပါမလာခဲ့ပါဘူး ။
ဒါကြောင့် သူဟာ ညစာစားပွဲက
ထွက်ခွာလာခဲ့တယ် ။ နာရီများစွာကြာပြီးတဲ့အခါ အဖိုးတန်ကျောက်မျက်ရတနာတွေ
စီခြယ်ထားတဲ့ ၀တ်ရုံကြီးကို ဆင်မြန်းလို့ သူဟာ ညစာစားပွဲကိုပြန်လာခဲ့တယ် ။
အဲဒီဝတ်ရုံကို ချမ်းသာတဲ့သူ့သူငယ်ချင်းတစ်ယောက်ဆီကနေ သူဌားယူလာခဲ့ခြင်းဖြစ်တယ် ။ သူအ၀င်အ၀ကိုရောက်ရောက်ခြင်းပဲ
လူတွေက သူ့ကိုပျာပျာသလဲ ကြိုဆိုကြပြီးညစာစားပွဲရဲ့ ထိပ်ဆုံးမှာ
နေရာချထားပေးကြတယ် ။ သူထိုင်နေတဲ့ စားပွဲထိပ်မှာပဲ စားစရာတွေ အလျှံပယ်အောင်
လာချပေးကြတယ် ။
“ အိုး...ဘယ်လောက် တောင်အရသာရှိလိုက်တဲ့အစားအစာတွေလည်း ကဲကဲ စားကြစားကြ ” ဆိုပြီး သူဟာ ဇွန်းနဲ့ခပ်လိုက် သူ့အ၀တ်အစားတွေပေါ်လောင်းချလိုက်လုပ်နေခဲ့တယ် ။ သူ့ဘေးမှာထိုင်နေတဲ့ ဆွေကြီးမျိုးကြီးထဲကတစ်ယောက်က သူ့ရဲ့ညစ်ပတ်ပေရေနေပုံကိုကြည့်ပြီး “ သူဌေးမင်းခင်ဗျား ဘာကြောင့် အ၀တ်အစားတွေကို အစားအစာတွေလောင်းချနေရတာပါလဲ ” လို့မေးလိုက်တယ် ။
အဲဒီအခါ ဆင်းရဲသားက ရယ်မောလိုက်ပြီး “ အိုး ...ကျုပ်ဝတ်ရုံက အတော်ကြည့်ရဆိုးသွားတယ်ဆိုရင်ကျုပ်ကိုခွင့်လွှတ်ပါ
ဗျာ ဒါပေမယ့် ဒီအ၀တ်အစားတွေက ကျုပ်ကို ဒီစားစရာတွေ သယ်ဆောင်လာပေးတာလေ
ဒါကြောင့် သူတို့ကို အရင်ကျွေးမှ တရားမျှ တမှာမဟုတ်ဘူးလား ”
လို့ပြန်ပြောလိုက်ပါတော့တယ် ။
####################################
လူတွေဟာ လူတစ်ယောက်ကို အကဲခတ်ပြီဆိုရင် အဲဒီလူ ဘယ်လိုလူမျိုးလဲဆိုတာထက်
အဲဒီလူ ဘယ်လို အ၀တ်အစားဝတ်သလဲဆိုတာကိုပဲ အပေါ်ယံ ကြည့်တတ်ကြတာများပါတယ် ။
အလှူကြီးတွေနဲ့ ဧည့်ခံပွဲတွေမှာလည်း တကယ်စားသောက်ချင်တဲ့ သူဆင်းရဲတွေကို
မောင်းထုတ်ပြီး အ၀တ်အစားလှလှ တန်ဖိုးကြီးကြီး ၀တ်ထားတဲ့သူတွေကိုပဲ အသားပေး
ဧည့်ခံလေ့ရှိကြတယ် ။ တကယ်တော့ အ၀တ်အစားဆိုတာ လူနေမှု ဘ၀အတွက်
အတိုင်းအတာတစ်ခုထိ အရေးပါတယ်ဆိုတာ မှန်ပေမယ့်လည်း သေချာတွေးကြည့်ရင်
ကျွန်တော်တို့ စွပ်ထားတဲ့ အခွံ သာသာမျှသာဖြစ်တယ် ။ လူ့ တန်ဖိုးဆိုတာ
အဲဒီအခွံ တွေအောက်က အနှစ်တွေ အသားတွေ ဖြစ်တဲ့ အကျင့်စရိုက် ၊ ရိုးသားမှု ၊
စိတ်ဓါတ် စတာတွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။
No comments:
Post a Comment