မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 4 July 2013

"တန်ဖိုးရှိတဲ့ဘ၀ကြီး နှမြောစရာ.."

လူ့ စည်းစိမ်နဲ့ နတ်စည်းစိမ် ဘယ်ဟာက ကြီးကျယ်
ခမ်းနားသလဲ။ ပျော်မွေ့ စရာကောင်းသလဲ။
လူ့ စည်းစိမ်ဆိုတာက နတ်စည်းစိမ်နှင့် စာရင်
သူတောင်းစား စည်းစိမ်၊ စဏ္ဍာလ စည်းစိမ်ပဲ။

အလောင်းတော် တေမိမင်းသားမှာ ပါရမီတွေ
ဖြည့်ချင်လွန်းလို့  အလွန်ကြီးကျယ်တဲ့ နတ်စည်းစိမ်တွေ
စွန့် ပြီး လူ့ ပြည်ဆင်းလာရရှာတယ်။ သူ့ လိုပဲ
နတ်စည်းစိမ်တွေ စွန့် ပြီး လူ့ ပြည်လာကြတဲ့
နတ်သားတွေတောင် ငါးရာ တဲ့..လိုက်ပါလာကြတာ။


လူ့ ပြည်ရောက်လာပြန်တော့ရော သူ့ ခမျာ ပါရမီ
ဖြည့်ရတာ သက်သာရှာရဲ့ လား။

ဘုရားလောင်း ဘူရိဒတ် နဂါးကြီးဟာလဲ ဥပုသ်ကလေး
စောင့်ချင်တာနဲ့  လူ့ ပြည်လာရရှာတယ်။ နဂါးစည်းစိမ်
ကလဲ နတ်စည်းစိမ်လို ကြီးကျယ်ခမ်းနားတာပဲ။

အဲ လူ့ ပြည်ရောက်လာပြီး ဥပုသ်စောင့်ရသော်လဲ
ဖြောင့်ဖြောင့် အေးအေးလူလူ မစောင့်ရရှာဘူး။
အလမ္ပာယ်လုပ်သမျှ ဒုက္ခခံပြီး စောင့်ရရှာတာ။

ကုသိုလ်ကောင်းမှုဆိုတာက ဘုံဘ၀တိုင်းမှာ
လုပ်လို့ ရတာမျိုး မဟုတ်ဘူး။ လူ့ ဘ၀မှာမှ လုပ်လို့ ရတာ။
ဒါ့ကြောင့် အလောင်းတော်ကြီးများ လူ့ ပြည်လူ့ ရွာ
ဆင်းလာပြီး ပါရမီကုသိုလ်တွေ လုပ်ယူကြရတယ်။

ဒါကြောင့် လယ်တီဆရာတော်ကြီးကပြောတာ -
လူ့ ဘ၀ဆိုတာ ဘ၀ပဒေသာပင်ကြီးတဲ့ ။

ကိုယ့်မှာ လွယ်လွယ်ကူကူ ရရှိနေတော့ ရခဲတယ်
မထင်ကြဘူး။ တန်ဖိုးရှိတယ် မထင်ဘူး။ မထင်တော့
အချိန်တွေဖြုန်း၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နေသွား၊
ပြီးတော့ သေ...။ တန်ဖိုးရှိတဲ့ဘ၀ကြီး နှမြောစရာ..။

(မြေဇင်းဆရာတော်ဘုရားကြီး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ