မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 18 May 2014

နှလုံးသားအတွက် ဆေးတစ်ခွက် - ဓမ္မလက်ဆောင်

Happy Valentine's Day ပြောရင်းနဲ့ " နှလုံးသားအတွက် ဆေးတစ်ခွက် " ဆိုတဲ့ Post မှာ မေတ္တာနှင့် ပတ်သတ်သော စာတိုပေစလေးများကို ဓမ္မလက်ဆောင် အနေဖြင့် တင်ပေးလိုက်ပါတယ်။ အားလုံး ပျော်ရွှင် အေးချမ်းကြပါစေဗျာ။ ( the eXistence )

၁၅၀၀ ဆိုတာ မေတ္တာတဲ့လား
***********************

၁၅၀၀ကတော့ မေတ္တာမဟုတ်ပါဘူး။ ကိလေသာပါ။ ကိလေသာဖြစ်တဲ့အတွက်
လူအတော်များများ နားလည်ထားသလို သမီးရည်စားအချစ်၊ လင်မယား
အချစ်တွေသာ ၁၅၀၀ အချစ်ဆိုတာမျိုး မဟုတ်ဘဲ
ရဟန္တာ မဖြစ်သေးသူ မှန်သမျှမှာ ဒီကိလေသာက ရှိနေမှာဖြစ်ပါတယ်။

စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။
ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ ဖြစ်ပါတယ်။

အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊
ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင်
တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ ဖြစ်ပါတယ်။

( ၇၅ x ၂ = ၁၅၀, ၁၅၀ x ၁၀ = ၁၅၀၀ )

( အရှင်ဝိစိတ္တ - မနာပဒါယီ )

၅၂၈ မေတ္တာ ဆိုတာ
****************

၅၂၈ မေတ္တာကတော့ “သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊
ကိုယ်ဆင်းရဲခြင်း ကင်းပါစေ” လို့ ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း
ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး သက်သက်ပဲ ဖြစ်နေပါတယ်။
ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး အကျိုးလိုးလာမှု သက်သက်ရှိတဲ့
မေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ခေါ်တာပါ။
အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊
ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊
ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ ၅၂၈ အချစ်မျိုး မဟုတ်ပါဘူး။

( အရှင်ဝိစိတ္တ - မနာပဒါယီ )

ကောင်းကင်အောက်က ကြယ်စင်များ


ကောင်းကင်မှာ တည်၍
လွတ်လပ်စွာ ပျံသန်း
လင်းလက်နေရမဲ့ ကြယ်စင်တွေဟာ
မြေပေါ်မှာ လူးလိမ့်
အထက်ကို စံဖို့ရာ
မတွေးဝံ့ မကြံဝံ့ပဲ
တစ်နေ့တာ ခရီးဆက်ဖို့
လုံးပန်းနေရရှာတဲ့
အို ကြယ်စင်များ မှေးမိန်လို့
ဒို့ပြည် ဒို့ရွာမှာ
နေ့ည မရွေး မှောင်ခဲ့ရလေပြီ။

Wednesday, 15 January 2014

မြင်းခွာရွက်၏အသုံးဝင်ပုံ

မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ် ဆိုတာ မြန်မာတွေ သာမကာ တခြား လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက ရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။ မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။

ကျန်းမာရေးအသိဖြင့် နေထိုင် စားသောက်နည်းများ


ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှု ရရှိအောင် တွေ့ရှိချက် အသစ်တွေနဲ့ ကျန်းမာရေး အမြင်သစ်များကို စာဖတ်သူ ဂျာနယ် အောက်တိုဘာ(၂ဝ၁၃)မှ ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။. . . . .

ကော်ဖီသောက်ပါ

ကော်ဖီတစ်ခွက် နေ့တိုင်းသောက်ရင် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ မဖြစ်နိုင်ပါ။ လေ့လာမှု ၁ဝ ခုမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်သူ ထက် သောက်တဲ့သူက ဘဝနေထိုင်မှု စနစ်မြင့်စေပါတယ်။

ငါးစားခြင်း

ဘဝနေထိုင်မှု စနစ်မြင့်တက်ဖို့ တစ်ပတ်မှာ အနည်းဆုံး ပင်လယ်ငါးနှစ်ကြိမ်၊ သုံးကြိမ် စားပေးရမယ်။ ပင်လယ်ငါးမှာ ပါဝင်တဲ့ အိုမီဂါ (၃)၊အိုမီဂါ (၆)နဲ့ ဖက်တီးအက်စစ်ဟာ အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးအမြင်၊ နားကြားမှု စွမ်းရည် ၅ဝ ရာခိုင်နှုန်း သန်စွမ်းစေတယ်။

အရိုးအဆစ် ရောင်ရမ်းခြင်းနှင့် ရှောင်ရန်၊ဆောင်ရန် ဓာတ်စာများ

အရိုးအဆစ်ရောင် ရောဂါရှိသူများဟာ အစားအသောက်နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို မေးလေ့ ရှိကြတယ်။ ယူရစ်အက်စစ်များ၍ ဖြစ်သော ဂေါက်ရောဂါ၊ အဝလွန်၍ဖြစ်သော အရိုးကျီးပေါင်းတက် ရောဂါတို့ကတော့ အစားအသောက်ကို ဆင်ခြင်စားသောက်ဖို့ လိုတယ်။

ဂေါက်လို့ခေါ်တဲ့ အဆစ်ရောင် ရောဂါရှိရင် နေ့တိုင်း နို့တစ်ခွက် သောက်သင့်တယ်။ ရေကိုလည်း များများ သောက်သင့်တယ်။ ယူရစ်အက်စစ် မြင့် တက်စေတဲ့ သားငါးများမှာ ပါတဲ့ ဝမ်းတွင်း ကလီစာ၊ ငါးဥ၊ မျှစ်၊ ပဲမြစ်၊ အစေ့အဆန် များတဲ့ အဆီ၊ ဘီယာ၊ ဝိုင်နဲ့ စည်သွတ်ဘူးတွေကို ရှောင်သင့်တယ်။ အမဲသား များများစားခြင်း၊ ပင်လယ်စာ (ဂုံး၊ ခရု၊ ပြည်ကြီးငါး) တွေကို ရှောင်ရမယ်။အသီးအနှံကို စားလို့ရပေမဲ့ ခရမ်းချဉ်သီးနဲ့ အာလူးတို့မှာ ပါတဲ့ အယ်ကာလွိုက် တစ်မျိုးက လူတချို့ကို အရိုးအဆစ် ရောင်စေနိုင်လို့ ဆင်ခြင် ရပါမယ်။

အရိုးကျီးပေါင်းတက် ရောဂါရှိသူဟာ ကိုယ်အလေးချိန် များခြင်းကို လျှော့ချဖို့ ဆိုရင် အစားအသောက် ဆင်ခြင်မှုက အဓိက ကျတယ်။

“မိတ်ဆွေကောင်းဟူသည်”

လောကတွင် စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိန် မရှိရင်နေပါစေ မိတ်စစ်မိတ်ကောင်း ရရှိခဲ့လျှင် ပြည့်စုံရာ၏။

''ဥပကာရ မိတ်ဆွေ''
+++++++++++++
ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေဖြစ်၍ လက္ခဏာရပ်များမှာ-
၁။ မူးယစ်နေခြင်းဖြင့် မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
၂။ မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
၎။ ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာပါက အကူညီတောင်းခံသည်ထက် နှစ်ဆသော အထောက်အပံ့ကို ပေးတတ်၏။

"အမေ့အားမာန်"

★ ဗန်းလေးငယ်ငယ်
ဈေးရောင်းဖို့ ခေါင်းထက်တွယ်
စောင်းလျှက်ရွက်သယ် ။

★ သမီးငယ် ကျောင်းတက်ဖို့
တွေးဖက်လို့ကွယ်။

★ မျက်နှာမယ် ပြုံးရိပ်ကြွယ်
ပန်းနှယ်လန်းဆန်း။

★ လမ်းတကာ လှည့်ကာသွားလို့
အားမာန်နဲ့လှမ်း။

လရိပ်လေး(မောင်းမကန်)
Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ