မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 15 January 2014

ကျန်းမာရေးအသိဖြင့် နေထိုင် စားသောက်နည်းများ


ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှု ရရှိအောင် တွေ့ရှိချက် အသစ်တွေနဲ့ ကျန်းမာရေး အမြင်သစ်များကို စာဖတ်သူ ဂျာနယ် အောက်တိုဘာ(၂ဝ၁၃)မှ ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။. . . . .

ကော်ဖီသောက်ပါ

ကော်ဖီတစ်ခွက် နေ့တိုင်းသောက်ရင် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ မဖြစ်နိုင်ပါ။ လေ့လာမှု ၁ဝ ခုမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်သူ ထက် သောက်တဲ့သူက ဘဝနေထိုင်မှု စနစ်မြင့်စေပါတယ်။

ငါးစားခြင်း

ဘဝနေထိုင်မှု စနစ်မြင့်တက်ဖို့ တစ်ပတ်မှာ အနည်းဆုံး ပင်လယ်ငါးနှစ်ကြိမ်၊ သုံးကြိမ် စားပေးရမယ်။ ပင်လယ်ငါးမှာ ပါဝင်တဲ့ အိုမီဂါ (၃)၊အိုမီဂါ (၆)နဲ့ ဖက်တီးအက်စစ်ဟာ အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးအမြင်၊ နားကြားမှု စွမ်းရည် ၅ဝ ရာခိုင်နှုန်း သန်စွမ်းစေတယ်။



စာရေးခြင်း

စာရေးခြင်းဟာ လူ့စိတ်ဂနာမငြိမ် ဖြစ်ခြင်းကို ငြိမ်းအေးစေတယ်။သင့်ထင်မြင်ချက်၊ ရည်ရွယ်ချက်၊ ခံစားမှုတို့ကို စိတ်ဖိစီးမှု မခံရအောင် စာရေးသားခြင်းဖြင့် ဖြေဖျောက်ပါ။ လူတစ်ယောက် နေ့စဉ် နာရီဝက်လောက် စာရေးသားခြင်းဖြင့် ဘာသာရပ်တစ်ခု သို့မဟုတ် စာအရေးအသား သို့မဟုတ် ရည်ရွယ်ချက်ကို ပုံဖော်စေတယ်။ ကိုယ့်ကိုအကျိုးရှိစေတယ်။

အထိုင်များခြင်းရှောင်ပါ

အမေရိကန် ကင်ဆာအဖွဲ့တစ်ခုမှ နည်းပြဆရာမနဲ့ နည်းပြမလုပ်တဲ့ အမျိုးသမီးများ တွေ့ဆုံခဲ့ရာမှ နည်းပြတွေမှာ ရင်သားကင်ဆာ ဖြစ်မှုနှုန်း ၄ဝ ရာခိုင်နှုန်းလျော့စေတယ်လို့ ဆိုတယ်။ ထိုင်နေတဲ့ အမျိုးသမီးများ ကတော့ သေဆုံးနှုန်း ၁၈ ရာခိုင်နှုန်းမြင့်တက်စေတယ်လို့ ဆိုတယ်။

ဈေးကြီးတဲ့ ဆီးရွှင်ဆေးများ ရှောင်ပါ

ဈေးမြင့်တဲ့ ဆီးရွှင်ဆေးများဟာ သွေးပေါင် မြင့်မားမှုကို တားဆီးပေးပြီး သွေးပေါင်ချိန် ကျဆင်းစေတယ်။ လေမဖြတ်အောင် တားဆီးပေး ပြီး သွေးပေါင်ချိန်ကျပေမဲ့ လူအများဟာ ဆီးဆေး မသုံးဘဲ ဆီးများများ သွားသင့်တယ် ဆိုသော်လည်း တကယ် သွေးတိုးလာရင်တော့ ဆီးဆေးတိုက်ပါ။ဆီးရွှင်ဆေး အစား သွေးပေါင်ကျဆေး ငုံပေးပါ။

ကျန်းမာရေးအသိ(စိတ်ဖိစီးမှုလျှော့ပါ)

လေ့လာမှုတစ်ခုမှာ စိတ်ဓာတ် ကျဆင်းခြင်းဖြင့် ဦးနှောက် ကျုံ့သွားတတ်တယ်။ စိတ်ဓာတ် မကျအောင် မိမိအနေဖြင့် နေပျော်အောင် ၊ ရောင့်ရဲ တတ်အောင် သည်းခံစိတ်နဲ့ မေတ္တာစိတ်တို့ကို မွေးမြူ ပေးရမယ်။ကျင့်ပေးရမယ်။ စိတ်ဓာတ် မကျရအောင် ပတ်ဝန်းကျင် ဖန်တီးမှု လုပ်ပေးဖို့လိုတယ်။ လူထုကြားမှာ ကျန်းမာရေး အမြင်မရှိခဲ့ရင် ကျန်းမာရေး ဆောင်ရွက်သွားဖို့ လိုပါတယ်။ ဥပမာ ပညာပေး ဆွေးနွေးတာမျိုး လုပ်သင့်တယ်။ ဒါမှ ကျန်းမာရေး အသိကြောင့် ဘဝမှာ ပိုပြီး အဓိပ္ပာယ် ရှိလာစေပါတယ်။အေးငြိမ်း ချမ်းသာမှု ရှိလာနိုင်တယ်။

ဒေါက်တာလွင်သန့်(ဆေး-၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ