မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 15 January 2014

ယနေ့ခေတ်လူတို့၏ နေ့စဉ်ဘ၀ထဲက ဖေ့စ်ဘုတ်

လက်ဖက်ရည်ဆိုင်မှာ၊ လမ်းပေါ်မှာ၊ ကားမှတ်တိုင်မှာ၊ ဘူတာရုံမှာ၊ ယုတ်စွအဆုံး လူကျပ်ညပ်နေသည့် ဘတ်စ်ကားပေါ်မှာနှင့် ရထားပေါ်မှာပင်မရှောင် ဖုန်းတစ်လုံး သို့မဟုတ် အိုင်ပက်ဟု ခေါ်ဆိုသော အပြားတစ်ပြားနှင့် အလုပ်ရှုပ်နေသူများကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရမည် ဖြစ်သည်။ အများစုသည် ဖေ့စ်ဘုတ် သုံးနေခြင်းဖြစ်ပြီး ဖေ့စ်ဘုတ် ဖွင့်ဖွင့်ကြည့်ရခြင်းသည် ယနေ့ခေတ် လူများ၏ နေ့စဉ်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာခဲ့ပြီ။ ဖေ့စ်ဘုတ်ကို “သိပ်ကောင်းတာပဲ” ဟု အချို့က ထောပနာ နေချိန်တွင် ကိုယ်တိုင်က ဖေ့စ်ဘုတ်မသုံးရ မနေနိုင် ဖြစ်နေသူ အချို့က “စိတ်ပျက်စရာပါ” ဟု ဆိုကြပြန်သေးသည်။

ဖေ့စ်ဘုတ်ကောင်းကြောင်း ပြောသူများက ဖေ့စ်ဘုတ်သည် မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့နိုင်ကြောင်း၊ မိတ်ဆွေသစ်များ ရနိုင်ကြောင်း၊ မတွေ့ဖြစ်သည့် သူငယ်ချင်းများနှင့် အဆက်အသွယ်မပြတ် ဆက်ဆံနိုင်ကြောင်း ပြောကြမည် ဖြစ်သည်။ သင့်ဘ၀၏ အခြေအနေ အရပ်ရပ်ကို Share နိုင်သည်။ သင်စိတ်ဝင်စားသည်များကို Share သူများနှင့် ဖလှယ်မှုများ ပြုလုပ်နိုင်မည်။ သင်ကြိုက်နှစ်သက်သည့် ထင်ပေါ်ကျော်ကြား သူများကိုလည်း Follow လုပ်နိုင်မည်။ အကျိုးရှိရာရှိကြောင်း အကြောင်းတရားများကို ထောက်ခံအားပေး နိုင်မည်ဖြစ်သည်။



သို့သော် အမေရိကန် ပြည်ထောင်စု မစ်ချီဂန်တက္ကသိုလ်က မကြာသေးမီက ဆောင်ရွက်ခဲ့သော လေ့လာချက် တစ်ရပ်အရ ဖေ့စ်ဘုတ်ပေါ်တွင် ဖြုန်းတီးလိုက်သော အချိန်များနှင့် ပတ်သက်၍ လူများအနေဖြင့် ယင်းအခိုက်အတန့်တွင် မသက်မသာ ခံစားရမှုဖြစ်စေပြီး ခြုံကြည့်ပါက ၎င်းတို့၏ ဘ၀နှင့်ပတ်သက်၍ ကျေနပ်မှု နည်းပါးသည်ဟု ခံစားရသည်ဟု ဆိုသည်။ အဆိုပါ သုတေသန အဖွဲ့သည် အရွယ်ရောက်ပြီးသည့် လူငယ် ၈၂ ဦးကို နှစ်ပတ်အကြာ လေ့လာခဲ့ပြီး တစ်နေ့လျှင် ငါးကြိမ် Text ရိုက်ကာ ၎င်းတို့ထံ နောက်ဆုံး ဆက်သွယ်ခဲ့ပြီး ကတည်းက သူတို့အချိန်မည်မျှ ဖေ့စ်ဘုတ်သုံးခဲ့သနည်း ဆိုသည်နှင့် မည်ကဲ့သို့ ခံစားရပါသနည်းဟု မေးမြန်းခဲ့သည်။

သုတေသန ပြုလုပ်သူများသည် လေ့လာချက်တွင် ပါဝင်သူများ၏ မိမိကိုယ်မိမိ အထင်ကြီးမှု အဆင့်များ၊ ဘ၀နှင့် ပတ်သက်၍ ကျေနပ်မှုများ၊ စိတ်ဓာတ်ကျမှုများ အစရှိသည်တို့ကို လေ့လာချက် မတိုင်ခင်နှင့် လေ့လာချက်ပြီးနောက် စိတ်ပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ လေ့လာခဲ့သည်။ ယင်းသုတေသနကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သော ဒေါက်တာအီသန်ခရော့စ်က “ဒီအချိန်မှာ ဖေ့စ်ဘုတ်သုံးပြီး နောက်တစ်ကြိမ်ကျတော့ ဆိုးရွားတယ်လို့ ခံစားရတဲ့သူတွေ ပိုများတယ်။ သီတင်းနှစ်ပတ်အတွင်း ဖေ့စ်ဘုတ် အချိန်ပို များများသုံးလေလေ အချိန်နဲ့အမျှ သူတို့ရဲ့ ဘ၀အပေါ် ကျေနပ်မှု အဆင့်က ကျဆင်းလာ လေလေပဲ” ဟု ပြောကြားခဲ့သည်။

အွန်လိုင်းတွင် သူငယ်ချင်း အမြောက်အမြား ရှိထားသော်လည်း ဖေ့စ်ဘုတ်တွင် အချိန်ဖြုန်းခဲ့မှုက လူများကို ဆိုးရွားသည့် ခံစားမှု ဖြစ်စေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ ယင်းနှင့် ဆန့်ကျင်ဘက်ကျစွာ တကယ့်အပြင် လောက၌ သူငယ်ချင်းများနှင့် တွေ့ဆုံဆက်ဆံရမှုသည် ယင်းကဲ့သို့ မဟုတ်ဘဲ ပျမ်းမျှအားဖြင့် ကျေနပ်ဖွယ်ခံစားမှုကို ဖြစ်ပေါ်စေကြောင်း အံ့သြဖွယ် တွေ့ရှိရသည်။

ထို့ကြောင့် ဖေ့စ်ဘုတ်သည် ယနေ့ခေတ်လူများ၏ နေ့စဉ်ဘ၀ အတွင်းသို့ မလွှဲမရှောင်သာ တိုးဝင်လာနေသည့် အရာဖြစ်သော်လည်း ဖေ့စ်ဘုတ်ဖြင့်သာ တကုပ်ကုပ် အလုပ်ရှုပ်နေမည် ဆိုပါက သင့်ဘ၀၏ ပျော်ရွှင်ဖွယ် အချိန်များ ဆုံးရှုံးသွားနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ