မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 20 October 2013

“စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ”

* လူ့သဘာဝ ကြိုက်တဲ့သူက ကိုယ့်ကို ကောင်းတာပြောမယ်။ ချီးမွမ်းမယ်။
မကြိုက်တဲ့သူက မကောင်းတာ ပြောမယ်။ ကဲ့ရဲ့မယ်။ ဝေဖန်မယ်။ အပြစ်
တင်မယ်။

* ဒီလိုပြောသမျှ ကိုယ့်စိတ်က လိုက်ပြီး ခံစားနေရမယ်ဆိုရင် ကိုယ့်ဟာ သူ
များ စိတ်နဲ့ အသက်ရှင်နေရသလို ဖြစ်နေမယ်။ ကောင်းတာပြောရင် ကျေ
နပ်၊ နှစ်သက်၊ သဘောကျတတ်ပေမဲ့ မကောင်းတာ အပြောခံရတော့ စိတ်
ဓာတ်ကျတယ်။ စိတ်အားငယ်တယ်။ ၀မ်းနည်းတယ်။

* တကယ်တော့ လူ့သဘာဝ ကောင်းတာလည်း ပြောချင်ပြောမယ်။ မကောင်း
တာလည်း ပြောချင်ပြောမယ်။ တခါတလေ ကောင်းတာပြောနေတဲ့သူ၊ ချီးမွမ်း
နေတဲ့သူတောင် စိတ်အခန့် မသင့်တဲ့အခါဖြစ်စေ၊ ကိုယ်နဲ့ စိတ်သဘောထား
ခြင်း မတိုက်ဆိုင်တော့တဲ့ အခါဖြစ်စေ ကိုယ့်ရဲ့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်
တတ်ပြီး မကောင်းပြောတတ်တယ်။ ကဲ့ရဲ့တတ်ပါတယ်။

* ဒီလိုလူတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ကို ထောက်ပြတဲ့ အ
တွက် ဒါတွေကို ကိုယ်ကသင်္ခန်းစာယူတတ်ဖို့ လိုတယ်။ မကောင်းပြောတဲ့ သူ
ကိုလည်း မုန်းနေဖို့ မလိုဘူး။ လူတစ်ယောကိုမုန်းရတာဟာ ကိုယ့်စိတ်မှာ အင်
မတန်မှ ပင်ပန်းဆင်းရဲရပါတယ်။

* ကိုယ့်ကို မကောင်းပြောတဲ့သူကို ကိုယ်က နားလည်လိုက်တယ်။ ခွင့်လွှတ်
လိုက်တယ်ဆိုတာ ကိုယ့်စိတ်ချမ်းသာဖို့အတွက် ကိုယ်တိုင်ရွေးချယ်လိုက်တာ
ပါပဲ။

* အားနည်းချက်ကို ထောက်ပြတဲ့သူ၊ မကောင်းပြောတဲ့ သူတွေရဲ့ စကားလုံး
တွေကို မိမိက သတိလေးထား၊ သေချာပြန်ဆန်းစစ်၊ ဝေဖန်ကြည့်။ သူတို့ပြော
တာ ငါ ဟုတ်နေသလား၊ မဟုတ်ဘူးလား။ ဟုတ်နေတယ်ဆိုရင် ပြင်သင့်တာ
ကြိုးစား ပြင်ကြည့်။ မဟုတ်ဘူးဆို သြော် သူက ငါ့ကို မကြိုက်လို့ ပြောတာဖြစ်
မယ်။ ပြောပါစေ။ သူ့ဘ၀ကို သူကိုယ်တိုင် ရွေးချယ်နေတာလို့ တွေးကြည့်လိုက်
ပါ။

* အားသာချက်ကို ပြောပြတဲ့သူ၊ ချီးမွမ်းတဲ့သူတွေရဲ့ စကားလုံးတွေကိုလည်း
ကိုယ့်ရဲ့ တွန်းအားအဖြစ်နဲ့ ဆက်လက်ကြိုးစား၊ နေထိုင်ကျင့်သုံးမယ်ဆိုရင် ဘ
ဝဟာ အဆင်ပြေတဲ့ဘ၀၊ နေပျော်တဲ့ ဘ၀ဖြစ်လာမှာ မလွဲပါပဲ။

- “ဌေး”သာမဏေကျော်ဆရာတော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ