မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 20 October 2013

မိန်းကလေးများအတွက် ချစ်သူထံမှ လိုချင်တပ်မက်မိသော တန်ဖိုးရှိ အပြုအမူလေးများ

ကိုယ်စိတ်တိုနေတဲ့အချိန် သူ့လက်မောင်းကိုင်ခွင့်ရချင်တာ။***

ကိုယ်ပြောချင်ရာပြောတဲ့စကားတွေကို တအင်းအင်းနဲ့ လိုက်နားထောင်တတ်တာ။**

ကိုယ်သောက်မဲ့ကော်ဖီကို သူကိုယ်တိုင် ဖျော်/စပ်ပေးတာ။***

သူဘယ်ရောက်နေတယ်၊ ဘာတွေလုပ်နေဆိုတာ လှမ်းအသိပေးတတ်တာ။**

ကိုယ့်ရဲ့ကြည့်မှန်တချပ်အဖြစ် အမြဲတစေ မျက်နှာသွင်ပြင်ကိုကြည့်ပေးတတ်တာ။**

ကိုယ့်လက်တဖက်ကိုဆုပ်ကိုင်ထားရင်း ကိုယ့်ရဲ့ဝေယျာဝစ္စ အ၀၀ အထုပ်အပိုးတွေကို သယ်ဆောင်ပေးတာ။*

* လမ်းဖြတ်ကူးတဲ့အခါ လူကြီးတယောက်က ကလေးတယောက်ကိုပူပန်ပေးမှုမျိုးနဲ့ ကိုယ့်ပုခုံးလေးကို ဖက်တွယ်ထားတတ်တာ။ -*

** ကိုယ့်ရဲ့လိုအပ်ချက်၊ ရှောင်ကြဉ်ရန်အချက်အလက်တွေကို အသေးအမွှားလေးကအစ လိုက်လံတေးမှတ်တတ်ပြီး သတိပေးတတ်တာ။**

ကိုယ့်မွေးနေ့၊ ချစ်သူဖြစ်သောနေ့ အမှတ်တရ ရက်စွဲတွေကို သတိပေးစရာမလိုပဲ အလိုအလျောက် အသိအမှတ်ပြုဖို့မမေ့လျော့တတ်တာ။***

သူ့ဖုန်းရဲ့ home screenမှာ ကိုယ့်ပုံလေးတွေတင်ထားတာ။ နောက်ကိုယ်နဲ့ပတ်သက်တဲ့ Ringtoneသီးသန့်ထားတာ။*

* ဆိုက်ရောက်ရာအရပ်တိုင်းမှာ သူ့ဘေးနားမှာနေစေဖို့ နေရာပေးတဲ့အခါ ခုံမှာ ပေရေနေမှုရှိမရှိ စစ်ဆေးပေးတတ်တာ။**

* ကိုယ့်ရဲ့ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ ကိုက်ညီသော ၀တ်စားဆင်ယင်မှုမျိုးကို အကြံပေးတတ်တာ။**

ကိုယ်ပျော်ရွှင်ချိန်မှာ ကိုယ့်ထက် နှစ်ဆပျော်လို့၊ကိုယ်ဝမ်းနည်းကြေကွဲချိန်မှာ မားမားမတ်မတ်ရပ်တည်ရင်း နှစ်သိမ့်အားပေးနိုင်တာ။

တကယ်တော့ဒီအချက်တွေအားလုံးက ရေကြည်သူ ယေဘူယျတွေ့မိတဲ့ အချက်တွေပဲဖြစ်ပါတယ်။ မိန်းကလေးတွေဆိုတာ ချစ်စိတ်တခုပူးကပ်ခြင်းခံရတဲ့အခါ သူမတူတဲ့သတ္တိတွေအလိုလိုပေါက်ဖွားလာတတ်ကြပေမဲ့ ကိုယ့်ချစ်သူရဲ့အယုအယအနွံအတာကို ခံယူချင်ကြသော ထိခိုက်လွယ်ပန်းလေးတွေပဲဖြစ်ပါတော့တယ်။ ချစ်သူတိုင်း အပေးအယူမျှသောချစ်ခြင်းများဖြင့် ဘ၀တသက်တာ ပျော်ရွှင်နိုင်ကြပါစေ....။

ရေကြည်သူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ