စိတ်ရှည် သည်းခံနိုင်ခြင်းဆိုတာ...
လူတစ်ယောက်က ကိုယ့်အတွက်
ဘယ်လောက်ကြာသည်အထိ စောင့်ဆိုင်းနိုင်လဲဆိုတဲ့
အချိန်နဲ့ အမြဲ တိုင်းတာလို့မရဘူး...................။
စောင့်ဆိုင်းနေရတဲ့အချိန်မှာ ကိုယ့်အပေါ်
ဘယ်လောက်ထိ သစ္စာရှိနေနိုင်ခြင်းနဲ့သတ်မှတ်လို့ရတယ်။
မျှော်လင့်စောင့်စားခြင်းဆိုတာ..
လူတစ်ယောက်က ကိုယ့်အပေါ်
ဘယ်အတိုင်းတာထိ လက်လျော့မသွားရတာလဲဆိုတဲ့..
ဇွဲတခုတည်းနဲ့ နိုင်းယှဉ်ကြည့်လို့မရဘူး...။
စောင့်မျှော်နေရတဲ့အချိန်မှာ ကိုယ့်အပေါ်
ဘယ်လောက်ထိ နားလည်ပေးနိုင်ခြင်းနဲ့သတ်မှတ်လို့ရတယ်။
သင်နဲ့ ဆုံစည်းရဖို့ စောင့်မျှော်နေတဲ့
လူတစ်ယောက်ဟာ အချိန် ဘယ်လောက်ကြာနေပါစေ..
ဒီလို အခက်ခဲပေါင်းများစွာကို သူတို့ဖြတ်ကျော်နိုင်လိမ့်မယ်။
မင်းအလင်္ကာ

No comments:
Post a Comment