မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 28 August 2013

သူရဲကောင်းသုံးယောက်နှင့် ခရီးသည် '

☆ စုံရိပ်မြိုင်ဆွယ်၊ ကန္တာလယ်
အိုဘယ် ယောက်ျား-ခရီးသွား။
ဖော်လည်း မဆွယ်၊ တကိုယ်ငယ်
အိုဘယ် လူသား-ကြောက်ဖူးလား။

☆ ဤသို့မေးသော်
ရွှင်အေးကြည်သာ၊ ပြုံးမျက်နှာဖြင့်
“အို ဘာကိုထောက်-ကြောက်ရမလဲ
တကွ ဖော်ညှိ၊ ‘သတ္တိ’ရှိပြီ
ချစ်သည့် သဟာ၊ ‘ဇွဲ’ လည်းပါ၍
မကွာ ထပ်လောင်း၊ ငယ်ကပေါင်းသည့်
ဆွေကောင်း ‘လုံ့လ’ ၊ တူတကွတည့်
ဘေးကတူယှဉ်၊ ပါခဲ့လျှင်သော်
ငါ့တွင်သေချာ၊ အောင်ဖို့ရာတည့် ”

☆ ယောက်ျား ငါကိုယ်၊ မြွက်ဟ,ဆို
ဖော်မလိုဘဲ တကိုယ်ထဲ။
တော်ပေ့လူမော်၊ ပွဲတိုင်းကျော်
သုံးဖော်ဆွေလဲ၊ တူယှဉ်တွဲသည်
အောင်မြဲမုချ၊ အောင်မည်ပ။


ငွေတာရီ '

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ