အချစ်ကြီးလာလေ သူ့အပေါ်မှာ
ပိုပြီး ချုပ်ချယ်လေ
ပိုပြီး သဝန်ကြောင်လေ
ပိုပြီး မာနမချ မာန်တင်းခံလေ
ပိုပြီး ကိုယ့်ဘက်ပဲကြည့်ပြီး ရယူလေလေ
ပိုပြီး အမျက်ကြီးလေ အမုန်းကြီးလေဆိုတာ
အဲဒါက.. အတ္တအားနဲ့ အချစ်ကြီးတာ။
အချစ်ကြီးလာလေ သူ့အပေါ်မှာ
ပိုပြီး နားလည်ပေးတတ်လေ
ပိုပြီး သည်းခံပေးတတ်လေ
ပိုပြီး မာန်မာနတွေချထားလေ
ပိုပြီး ပေးဆပ်ထားနိုင်လေ
ပိုပြီး ခွင့်လွတ်ပေးနိုင်လေပဲ။
အဲဒါဟာ.. မေတ္တာအားနဲ့ အချစ်ကြီးတာ။
အတ္တနဲ့အချစ်ကြီးရင် ကိုယ့်အတွက်မဟုတ်တာနဲ့ မုန်းစိတ်ဝင်တော့တာပဲ။ အတ္တအခြေခံထားတော့ သူ့အပေါ်ကို မုန်းတော့တာပဲ။
မေတ္တာနဲ့အချစ်ကြီးရင် ကိုယ့်အတွက် မဟုတ်တော့ပေမယ့်လည်း မမုန်းဘူး။ မေတ္တာအခြေခံထားတော့ မချစ်တော့ရင်တောင် မုန်းစိတ်တော့ မဝင်ဘူး။
အတ္တအားနဲ့အချစ်ကြီးတဲ့ ဆက်ဆံရေးဟာ အဆင်မပြေမှုတွေကို အမြဲဖိတ်ခေါ်နေတယ်။
နှစ်ဦးနှစ်ဖက် မေတ္တာအားနဲ့ ချစ်တတ်လေလေ အဲဒီဆက်ဆံရေးဟာ အဆင်ပြေမှုတွေ ပိုများလာလေလေပါပဲ။
နှလုံးသားအာဟာရ
No comments:
Post a Comment