မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 7 August 2013

ရခိုင်မုန့်တီကြိုက်သူများအတွက်ပါ

ရခိုင်မုန့်တီချက်နည်းလေး ပေးပါမယ် ...

ရခိုင်မုန့်တီဆိုရင် ငပိ၊ ငါး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း ပစ်ထည့်ထားတာလို့ ထင်ကြပါတယ် ... တကယ်တော့ အဲဒါကို အလွယ်ချက် (ငပျင်းချက်)လို့ ခေါ်ပါတယ် ... နည်းစနစ်မှန်မှန်နဲ့ ချက်တာနဲ့ အဲသလိုချက်တာ အနံ့ရော အရသာရော ကွာတာကို တွေ့ရပါလိမ့်မယ် ...

ကဲ ရခိုင်မုန့်တီချက်တော့မယ်ဆိုရင် အရေးကြီးတာက ငပိကောင်းကောင်းနဲ့ ငါးကောင်းကောင်းပါပဲ ... ရခိုင်တွေကတော့ အိမ်မှာချက်စားတာဆိုရင် ငါးရွှေ၊ ငလိပ်ကျောက်၊ ပုစွန် တစ်မျိုးမျိုး သုံးတတ်ပါတယ် ...

နည်းစနစ်မှန်မှန်နဲ့ ချက်မယ်ဆိုရင်တော့ ငါးရွှေနဲ့ချက်တာ အကောင်းဆုံးပါပဲ ... ငါးရွှေကို နူးအောင်ပြုတ်ပေးပါ ... ငါးရွှေပြုတ်နေတုန်းမှာပဲ ငပိကို ရေအနေတော်ထည့်ပြီး ကြိုထားပေးပါ ... ငါးပိအတုံးကြီး လုံးဝပျော်သွားပြီဆိုရင် ငပိအိုးကို အအေးခံပေးပြီး အနည်ထိုင်ထားပါ ...

ငါးရွှေ နူးသွားပြီဆိုရင်တော့ ငါးရွှေကို အသားနွင်ပါ ... ရလာတဲ့ အသားကို ရေနွေးလေးနဲ့ အုန်းနို့ညှစ်သလို ညှစ်ပေးရပါမယ် ... သုံးခေါက်လောက် အထပ်ထပ်ညှစ်လိုက်ရင် အချိုတွေထွက်သွားပြီး အသားကို မညှစ်တာထက် ပိုအရသာရှိပါတယ် ... အဲဒီညှစ်လို့ရလာတဲ့ အရည်၊ ငါးပြုတ်ထားတဲ့ အရည်၊ ငပိအရည်ကြည် (အောက်နှစ်ကို ပစ်လိုက်ပါ ...) ရောပြီး ဟင်းချိုကြိုမယ့် အိုးထဲကို ပေါင်းထည့်ပါ ...

ဂျင်း၊ ပဒဲကော ထောင်းထည့်ပါ .. ဆားထည့်ပါ၊ ပြီးရင် သေချာကြိုပါ ... အဲဒီအရည်ထဲကို ငါးအရည်ညှစ်ထုတ်ထားတဲ့ အဖတ်လေး ထက်ဝက်ကျော်ကျော်လောက် ထည့်လိုက်ပါ ... ဆူပွက်လာရင်တော့ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းထောင်းထားတာကို ထည့်ပေးပါ ... အပေါ့ အငန်မြည်းပြီး အရည်ဟာ သဘာဝအရသာ ချိုနေတာကို တွေ့ရပါလိမ့်မယ်

... ကဲ အရည်ညှစ်ထုတ်ထားတဲ့ ငါးအသားဖတ်လေး သုံးပုံ နှစ်ပုံလောက်ကို အိုးကင်းလေးတစ်ခုထဲမှာ ဆနွင်းမှုန့်လေးထည့် ဆားနည်းနည်းထည့်ပြီး ခြောက်အောင် လှော်ပါ ... ရခိုင်သုပ် နဲ့ လျှာပူ အာပူအတွက်တော့ ငရုတ်သီးစိမ်းကို ပြုတ်ထားပေးပါ ... ပြီးရင်ထောင်းလိုက်ပါ ...

ကြက်သွန်ဖြူနည်းနည်း၊ နောက်ဆုံးကျန်တဲ့ ငါးအသားဖတ်ကိုထည့်၊ ဟင်းချိုနည်းနည်းခပ်ထည့်ပြီးချက်လိုက်ပါ... ကြက်သွန်ဖြူ၊ နီ ဆီချက်ပါ... ငဖယ်ဆုပ်၊ ပဲကြော် ၊ ဝက်ဆီဖတ် အဆင်သင့်ပြင်ပါ ... သံပုရာသီး ၊ ငရုပ်သီး အကျက်မှုန့်၊ နံနံပင် ၊ ကြက်သွန်နီ ပါးပါးလှီးပြီး အသင့်ပြင်ထားရင်ပဲ မိမိကြိုက်သလို အရည်၊ အသုပ်မျိုးစုံ စားနိုင်ကြပါပြီ ... )

စာကြွင်း - ကျောက်ဖြူ၊ ရမ်းဗြဲ ဒေသတွေမှာ ငါးရွှေကို ကင်ပြီးတော့မှ အသားနွှင်ပြီး ဟင်းချို ချက်လေ့ ရှိပါတယ် ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ