မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 30 August 2013

ကင်ဆာမဖြစ်အောင်နေထိုင်စားသောက်နည်း

၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။

၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကိုရှောင်ပါ တတ်နိုင်ရင် မစားတာ
အကောင်းဆုံးပါ..။
ဥပမာ-၀က်သားlမလှိုင်lမြေပဲlသီဟိုလ်စေ့

၃။ အသားတွေကို တတ်နိုင်သလောက် လျှော့စားပါ

၎။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။
မစားခင်မှာ အသီးအရွက်တွေကို ရေနဲ့ စင်ကြယ်အောင် သေချာ ဆေးကြောပါ..။

၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့
လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။

၆။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။

၇။ နေပူထဲမှာ အကြာကြီးမနေပါနဲ့။

၈။ လျှပ်စစ်ဓာတ်ကြိုးတွေအောက် ဒါမှမဟုတ် ဓာတ်ကြိုးတွေနဲ့နီးနီးမှာ ၊
ဓာတ်အားပေးစက်ရုံနဲ့ နီးနီးမှာ နေထိုင်တာမျိုး မလုပ်ပါနဲ့
လျှပ်စစ်အသုံးအဆာင် ပစ္စည်းတွေနဲ့ သိပ်ကပ်ပြီး ထိုင်တာ၊ အိပ်တာ တွေ
မလုပ်ပါနဲ့။

၉။ အရသာ ထူးကဲစေတဲ့ ထပ်ဖြည့် ပစ္စည်းတွေ အများကြီးပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။
ကြာရှည်အထားခံအောင် ဓာတုဗေဒ ဆေးတွေသုံးပြီးပြုပြင်ထားသော အစားအစာ
မှန်သမျှကို လုံးဝ မစားပါနဲ့

၁၀။ ကိုယ်အလေးချိန် ကိုထိန်းပါ။

၁၁။ အရက်ကို အနည်းဆုံးဖြစ်အောင်လျှော့သောက်ပါ။လုံးဝမသောက်လျှင် အကောင်းဆုံးပါ။

၁၂။ အသားငါး ကျပ်တင်၊ ဆားနယ်၊ ဆားစိမ် ဒါမှမဟုတ် မီးကင်တွေ မစားပါနဲ့။

၁၃။ ကွမ်းစားခြင်းရှောင်ပါ။

ခန္ဓာကိုယ်တွင် မည်သည့် အစိတ်အပိုင်းမဆို ကင်ဆာဖြစ်နိုင်ပါသည် .။ သတိထား၍
ရှောင်ရှားနိုင်ကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ