ချစ်သူဆီက လိုချင်ဆုံးသောအရာ
.ချစ်သူ
ငါနေမကောင်းတဲ့အချိန်
ဘာကိုမှ မမျှော်လင့်ပါဘူး
နင့်ရဲ့ နေကောင်းအောင်နေနော်လို့
နှစ်သိမ့်တဲ့ အသံလေးပဲ
ကြားချင်ခဲ့တာပါ
ချစ်သူ
ငါအားငယ်နေတဲ့အချိန်
ဘာကိုမှ မမျှော်လင့်ပါဘူး
...နင့်ရဲ့ အားတင်းထားနော်ဆိုတဲ့
စကားသံလေးပဲ
ကြားချင်ခဲ့တာပါ
ချစ်သူ
ငါပျော်နေတဲ့အချိန်
ဘာကိုမှ မမျှော်လင့်ပါဘူး
နင် ငါ့ဘေးနားမှာ ငါနဲ့ထပ်တူ
ပြုံးနေတာလေးကိုပဲ
တွေ့နေချင်ခဲ့တာပါ
ချစ်သူ
ငါဝမ်းနည်းနေတဲ့အချိန်
ဘာကိုမှ မမျှော်လင့်ပါဘူး
နင့်ရဲ့ မငိုရဘူးနော်လို့ဆိုတဲ့
အားပေးတဲ့အသံလေးပဲ
ကြားချင်ခဲ့တာပါ
ချစ်သူ
တစ်ကယ်လို့ ငါတို့တွေ တစ်နေရာစီ
ဝေးနေခဲ့ကြရင်တောင် တနေ့နေ့တော့
ငါမျှော်လင့်နေတာလေးတွေ
ဖြစ်လာနိုင်ပါစေလို့ ... တောင်းဆုခြွေမိတယ် .....
No comments:
Post a Comment