မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Tuesday, 9 July 2013

နှစ်သက်မိခဲ့သော ချစ်ပုံပြင် တိုစလေးများ(၁)

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့....။
အဲဒီ သမီးတော်လေးတွေ ၀မ်းနည်းလို့ ငိုရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့ ။

ပထမ မင်းသမီးကတော့ မင်းသားလေးတစ်ပါးနဲ့ လက်ထပ်လိုက်ပါတယ် ။ အဲ့မင်းသားက မင်းသမီးလေးကို စိတ်မဆင်းရဲရဲအောင် လုပ်ပြီး မျက်ရည်ကဖြစ်တဲ့စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တစ်ခုပြီးတစ်ခု ဆောက်ပြီး နေပါသတဲ့။



မင်းသမီးငယ်လေးကတော့ သူချစ်တဲ့ အညတရ ရွာသားတစ်ယောက်နဲ့ပဲ လက်ထပ်လိုက်ပါတယ်။

ဒီလိုနဲ့ ... ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော် ၂ပါးကို ခေါ်ပြီးတွေ့တယ်။
သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့တွေမြင်နေရပြီး သမီးငယ်နဲ့ ရွာသားကတော့ ဆင်းရဲမြဲဖြစ်နေတာကို တွေရပါတယ်။

အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ "သမီးငယ်ရဲ့ မျက်ရည်တစ်စက်နဲ့ မင်းတို့ ချမ်းချမ်းသာသာ နေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ" လို့ မေးလိုက်ပါတယ် ။

ရွာသားလေးက "ကျွန်တော် ချမ်းသာဖို့အတွက် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ " လို့ပြန်ဖြေပါတယ် ။ အဲဒီတော့ ဘုရင်ကြီးက သဘောကျသွားပြီး သူ့ချမ်းသာမှု့အတွက် သူတစ်ပါးကို မျက်ရည် မကျစေတဲ့ ၇ွာသားလေးကိုပဲ အိမ်ရှေ့စံ အဖြစ် ခန့်အပ်လိုက်ပါတယ် ။။

>>> ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် စိတ်ဆင်းရဲအောင် မျက်ရည်ကျအောင် မလုပ်ကြဘဲ ... ရွာသားလေးလို ကိုယ့်ချစ်သူ စိတ်ချမ်းသာအောင် ဖန်တီးပေးနိုင်တဲ့သူတွေ ဖြစ်နိုင်ကြပါစေနော် ။။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ