ယခုဘုရားရှင်၏ သာသနာတွင် ဝိပဿနာ၏ အခြေခံဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်လောက်ကိုမှ
ရအောင် အားထုတ်နာကြားခြင်းမြ့ပုဘဲနောက်ပွင့်မည့်ဘုရားရှင်ကို ဖူးတွေ့ရအောင် ဆုတောင်းနေသူများ
အထူးသတိပြုသင့်သောအချက် တစ်ချက်ရှိ၏။
ဝိပဿနာအခြေခံလေးမျှ မရှိသူသည် ဘုရားရှင်ကို မျက်စေ့ရှေ့တွင် တွေ့မြင်ရသော်လည်း ဖူးမျှော်ကန်တော့ဖြစ်ဖို့ နေနေသာသာ ဘုရားရှင်မှန်းပင်မသိချေ။
ဓမ္မစကြာတရားကို ဟောပေးချင်သဖြင့်
သူတို့ထံလိုက်လာသောဘုရားရှင်ကို ပဉ္စဝဂ္ဂီငါးဦးသည် ရှိခိုးခြင်းမြ့ပုရန်၊ နေရာထိုင်ခင်းမပေးရန်ပင် တိုင်ပင်ထားကြ၏။
ဤကား ဘုရားရှင်ကိုတွေ့မြင်နေရသော်လည်း တရားကိုမမြင်သောကြောင့်ဘုရားရှင်မှန်းပင်မသိနိုင်ခြင်းဖြစ်၏။
ပက္ကုသာမင်းကြီးသည် ဘုရားရှင်နှင့် အခန်းတစ်ခန်းတည်းတွင် တည်းခိုနေရသော်လည်း သူဖူးတွေ့ချင်နေသောဘုရားရှင်မှန်းမသိခဲ့၊
ဘုရားရှင်ဟောကြားသော ဓာတ်ခြောက်ပါးတရားကို
နာကြားရပြီး အနာဂါမ် တည်သောအခါမှပင် ဘုရားရှင်မှန်းသိရှာ၏။
ဘုရားဖြစ်ပြီးစ အချိန်က လမ်းတွင် ဥပကကြီးနှင့်တွေ့၏။
ဥပက- ကမေးသောကြောင့် မာရ်ငါးပါးကိုအောင်ပြီးသော
ဇိန(ဘုရားရှင်) ဖြစ်ကြောင်းပြောကြားသော်လည်း
ဥပကကားစိတ်ချလက်ချ ယုံကြည့်ပုံမရဘဲ ဇိနဆိုတာဟုတ်လောက်ပါပေတယ်ဟုပြောပြီးလမ်းခွဲသွားခဲ့၏။
ဤသည်ကားတရားကို မမြင်သောကြောင့်ဘုရားကို မမြင်ခြင်းပင်ဖြစ်၏။
ထို့ကြောင့် ယခုဘုရားသာသနာမှာပင် ဝိပဿနာတရားကို အခြေခံရအောင်နာကြားအားထုတ်ထားသင့်၏။
သို့မှသာနောင်ပွင့်မည့်ဘုရားရှင်ကို ဖူးတွေ့ရသောအခါ ဘုရားရှင်မှန်းသိနိုင်မည်ဖြစ်၏။
သို့မဟုတ်ပါက ဘုရားရှင်ကိုတွေ့မြင်ရသော်လည်း
ဘုရားရှင်မှန်းပင် သိနိုင်မည် မဟုတ်ပေ။
အရှင်ဇဝန( မေတ္တာရှင်)
(လူငယ်များအတွက်ဂမ္ဘီရဝိပဿနာအတွဲ(၅-၆)မှ)
No comments:
Post a Comment