ဆင်းရဲပေမဲ့လည်း အလှူရေစက်လက်နဲ့မကွာ
နဲနဲ လေးအရုဏ်မြင့်လာပြီဆိုရင်တော့ ရွာဦးကျောင်းက ဦးဇင်းတွေနဲ့ ကိုရင် တွေဆွမ်းခံကြသလို၊ အခြား
ရွာကျောင်းက ဦးဇင်းတွေ ကိုရင်တွေလည်းဆွမ်းခံလာပါတယ်...။အဲလိုအချိန် မှာတော့ ရွာထဲက ရွာသူ၊ရွာ သားတွေ ဆွမ်းလောင်းဖို့တန်းစီနေပါတယ်။ “တဝေ...ဝေ... ဆွမ်းတော်ဗျို့...“။ရွာအ၀င်လမ်းက ဒေါ်နု ကထွက်လာပြီးဆွမ်းလောင်း၊ ဟင်းရာ ခွက်လောင်းပါတယ်...။ နောက်တစ်အိမ်က အရမ်းဆင်းရဲတဲ့ ဒေါ်မိတု
တ်တို့အိမ်ပါ...သူတို့ ဘယ်လောက်ပဲဆင်းရဲနေပါစေ..။ဆွမ်းတော်ဗျို့လို့ အော်လိုက်တာနဲ့ ဆွမ်းတော်ခွက်
လေးကို ကိုင်ပြီး ထွက်လောင်းပြီးသား...။
ဘယ်လောက်ပဲဆင်းရဲနုံခြာပါစေ...သိဏ္ဍပတ်ဆွမ်းကတော့လော
င်းပြီးသားပါ။တစ်ရွာလုံးကြွလာတဲ့ ဦးဇင်း၊ ကိုရင်အားလုံးကို ဆွမ်းလောင်း၊ ဟင်းရာခွက်တက်နိုင်တဲ့လူတွေ
ကလည်း ဆွမ်းနဲ့ဟင်းကို လောင်းလှူကြပါတယ်...
ကျောင်းတွေမှာတော့ ဆွမ်းနဲ့ကွမ်းက အလျှံပယ်ပါပဲလ
ာသမျှ ဧည့်သည်တွေကိုလည်း ရွာထဲကခံထားတဲ့ဆွမ်းနဲ့ ကွမ်းကိုပဲကျွေးတာပါ...အဲလောက်တောင် ဆွမ်း ၊ ကွမ်းပေါတာ ပါ...။ကျေးလက်တောသူ၊ တောင်သားတွေက ဆင်းရဲနွမ်းပါးပြီး စကားသာကြမ်းကြမ်းတမ်းတ မ်းတွေပြောချင်ပြောကြ မယ်...ဧည့်ဝတ်ကျေပွန်မှုနဲ့ စေတနာတွေကတော့ သူတို့တွေရဲ့ စိတ်သဏ္ဍာန်မှာအ မြဲကိန်းအောင်းနေတာပါ...။
No comments:
Post a Comment