တခါတုန်းက
သူငယ်ချင်းနှစ်ဦးဟာ သဲကန္တာရ တစ်ခုထဲမှာ လမ်းလျှောက်လာကြတယ် ။
လမ်းခရီးတစ်နေရာ အရောက်မှာ သူတို့ စကားများကြပြီး သူငယ်ချင်းတစ်ယောက်
နောက်တစ်ယောက်ရဲ့မျက်နှာကို
လက်နဲ့ရိုက်လိုက်တယ် ။ အရိုက်ခံရတဲ့ ကောင်လေးက နာသွားပြီး ဘာမှ
ပြန်မပြောပါဘူး ။ ဒါပေမယ့် သူဟာ သဲပြင်ပေါ်မှာ အောက်ပါအတိုင်းစာရေးခဲ့တယ် ။
“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကိုရိုက်တယ် ”
ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိုအေစစ် ကိုရောက်တဲ့အထိ
လမ်းလျှောက်လာခဲ့ကြတယ် ။ အဲဒီနေရာမှာ သူတို့ ရေချိုးရေကူးကြဖို့
ဆုံးဖြတ်လိုက်ကြတယ် ။ ဒီလိုနဲ့ မျက်နှာအရိုက်ခံရတဲ့ ကောင်လေးဟာ
ရေချိုးနေတုန်း အိုအေစစ်ထဲမှာ နွံထဲ ဆင်းမိပြီး နွံထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တယ်
။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို အချိန်မှီကယ်တင်လိုက်ပါတယ် ။ နွံနစ်တဲ့
နေရာအနီးမှာ သူသတိပြန်ရလာတဲ့အခါ သူ ကျောက်တုံးတစ်တုံးပေါ်မှာအောက်ပါအတိုင်းစာရေးခဲ့တယ် ။
“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကိုကယ်ခဲ့တယ် ”
ဒီတော့ သူ့အသက်ကို ကယ်ခဲ့တဲ့သူငယ်ချင်းက မေးတယ် ။
“ ငါမင်းကို နာကျင်အောင်လုပ်တုန်းကလည်း မင်း သဲပြင်ပေါ်မှာ စာရေးခဲ့တယ် အခုငါမင်းကိုကယ်ခဲံတော့လည်း မင်းကျောက်တုံးပေါ်မှာ စာရေးခဲ့တယ် အဲဒါဘာဖြစ်လို့လဲ ”
ဒီတော့ သူကပြန်ပြောတယ် ။
“ ငါတို့ကို တစ်စုံတစ်ယောက်က နာကျင်အောင်လုပ်တဲ့အခါမှာတော့ ငါတို့သဲပြင်ပေါ်မှာပဲ ရေးပြီးမှတ်ထားသင့်တယ် ။ ဒါမှ လေတိုက်တဲ့အခါ အဲဒီစာတွေပျောက်သွားသလိုမျိုး ခွင့်လွှတ်ခြင်း က အဲဒီနာကျင်မှုကို အဝေးကိုဖယ်ရှားပေးနိုင်မှာပါ
။ ဒါပေမယ့် ငါတို့အတွက် တစ်စုံတစ်ယောက်က ကောင်းတဲ့အရာတွေ
လုပ်ပေးခဲ့ရင်တော့ ငါတို့ကျောက်တုံးပေါ်မှာ ရေးမှတ်ထားသင့်တယ် ဒါမှ
ဘယ်လိုလေမျိုးတိုက်တိုက် ပျောက်ပျက်မသွားရအောင်ပေါ့ ”
####################################
သင့်ရဲ့ နာကျင်မုန်းတီးမှုတွေကို သဲပြင်ပေါ်မှာပဲ ရေးမှတ်ထားလိုက်ပါ ။ လေတိုက်တဲ့အခါ အဲဒီစာတွေ လွင့်ပျောက်သွားပါစေ -----
သင့်အပေါ်ကောင်းတဲ့သူတွေကိုတော့ ကျောက်တုံးပေါ်မှာ ရေးမှတ်ထားလိုက်ပါ ။ ဘယ်လိုပဲ လေပြင်းတွေတိုက်တိုက် မပျောက်ပျက်ပဲ အမြဲအမှတ်ရနေပါစေ-----
သက်တန့်ချို
No comments:
Post a Comment