မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 30 May 2013

သဗ္ဗဇယမင်္ဂလာ ဂါထာ

ဂါထာဖြစ်ပေါ်လာပုံ

အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားရှင်၏ အသရေတော်ကို နေရောင်၊ လရောင်၊ ဈာန်ဝင်စားနေသူ၏ ကိုယ်ရောင်၊ ကောသလမင်းကြီး၏ တင့်တယ်သော အသရေတို့ဖြင့် နိုင်းယှဉ်ပြီး ချီးကျူးလျှောက်ကြားတော်မူသောအခါ မြတ်စွာဘုရားရှင်က “ဒိဝါ တပတိ” အစရှိသော ဤဂါထာတော်ကို ဟောကြားတော်မူခဲ့ပါသည်။


ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။ ဟူ၍ ဖြစ်ပါသည်။

အနက်အဓိပ္ပါယ်မှာ---

နေမင်းကြီးသည် နေ့အခါ၌သာ ထွန်းလင်းနိုင်၏။
လမင်းကြီးသည် ညအခါ၌သာ ထွန်းလင်းနိုင်၏။
ပြည်ရှင်မင်းတို့သည် မင်းမြောက်တန်ဆာများ ဆင်ယင်မှသာ ဘုန်းအရှိန်အ၀ါ ထွန်းလင်းနိုင်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်သမာပတ် ၀င်စားနေသည့်အခါမှသာ သပ္ပါယ်တော်မူနိုင်၏။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကမူ နေရာတိုင်း အခါတိုင်း အချိန်တိုင်း၌ ထာဝစဉ် သပ္ပါယ်စွာ ထွန်းလင်းတော် မူပါပေသတည်း။

တခါက မန်လည်ဆရာတော်ကြီးက အမေးရှိခဲ့သည်။
နိကာယ် ငါးရပ်ထဲမှာ ပါဝင်သော သတင်းမွှေးကြိုင်သည့် သဗ္ဗမင်္ဂလာမှာ မည်သည့်မင်္ဂလာ ဖြစ်ပါသနည်း။
ထိုအမေးနှင့် စပ်လျဉ်း၍ မင်းကွန်းဆရာတော်က အောက်ပါအတိုင်း အဖြေရှိခဲ့ပါသည်။
နာမည်ကြီးသော သဗ္ဗမင်္ဂလာ ဂါထာဆိုသည်မှာ နိဒါနသံယုတ် ပါဠိတော်၌ ပါရှိသည့် ဒိဝါ တပတိ အာဒိစ္စော-အစချီသော ဂါထာတော် ဖြစ်ပါသည်။

ဗုဒ္ဓ၏ပိဋကတ်တော်၌ ပါဠိဂါထာတော်ပေါင်း ထောင်ချီ၍ ရှိပါသည်။ ထိုမျှများပြားလှစွာသော ဂါထာတော်များအနက် တဂါထာတည်းသာ ရှားရှားပါးပါးရှိသည့် ဂါထာတော်မှာ သဗ္ဗမင်္ဂလာ ဂါထာတော်ပင် ဖြစ်ပါသည်။ ထိုဂါထာတော်သည် ရသေ့ကြီး ဦးခန္တီ၏ လက်စွဲဂါထာတော် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ အဆိုပါဂါထာတော်နှင့် စပ်လျဉ်း၍ သမိုင်းကြောင်း ရှိပါသည်။

သီဟိုဠ်ပြည့်ရှင် (ယခု သီရိလင်္ကာ) ဘာတိကမင်းကြီးသည် တနေ့သ၌ ပညာရှိတဦးအား နန်းတော်သို့ ပင့်ဖိတ်ခဲ့၏။ ထို့နောက် ပညာရှိအား ရတနာသုံးပါးနဲ့ အကျုံးဝင် ဆက်စပ်သော အောင်ခြင်းမင်္ဂလာ ဂါထာတော်တပုဒ်အား ရွတ်ဆိုချီးမြှင့်ပါရန် တောင်းပန်ခဲ့သည်။ ဤတွင် ပညရှိကြီးက " ဒိဝါ တပတိ အာဒိစ္စော-...အစချီ သဗ္ဗမင်္ဂလာဂါထာတော်ကို ချီးမြှင့်ခဲ့၏။ မင်းကြီးလည်း ပိဋကတ်သုံးပုံ နှံ့စပ်သော ပညာရှိကြီးအား ဆုတော်ငွေများစွာ ချီးမြှင့်ခဲ့လေသည်။ သည့်အတွက် အဆိုပါ ဂါထာတော်နှင့်စပ်လျဉ်း၍ နှောင်းလူတို့က လာဘ်ရွှင်ငွေဝင် ဂါထာတော်၊ ရွှေလာငွေလာ ဂါထာတော်-ဟု သတ်မှတ်ယူဆခဲ့ပြီး ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြသည်။ ထိုသို့ ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်ကြသူတိုင်း ထူးကဲသော အကျိုးအာနိသင်ကို ရရှိခံစားခဲ့ကြရလေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ